BPro Language School
Be Proficient, Be Professional

ယနေ့ လျင်မြန်စွာ တိုးတက်နေတဲ့ မျက်မှောက်ခေတ်ရဲ့ ခေတ်ရေစီးကြောင်း လိုအပ် ချက်ကို အမှီလိုက်နိုင်ဖို့ BPro နဲ့အတူ ဘာသာစကားများ သင်ယူကြစို့။

BPro ဘာသာစကား သင်တန်းကျောင်းမှ နွေးထွေးစွာ ကြိုဆိုပါတယ်။ သင့်အတွက် တရုတ် ဘာသာစကားနဲ့ တခြားဘာသာစကား လိုအပ်ချက်များ အတွက် အကောင်းဆုံး ဖြည့်ဆည်း ကူညီပေးမဲ့ ဘာသာစကား သင်တန်းတစ်ခု ဖြစ်ပါတယ်။

Explore Courses Start Learning

ယနေ့ ခေတ် ၏ အရေးကြီးစွမ်းရည် ဖြစ်သော ဒုတိယ ဘာသာစကား တစ်ခုကိုသင်ယူပါ။

ဘာသာစကား Certificate များရရှိအောင် ဖြေဆိုပါ။

သင့်ရဲ့ လာမယ့် အလုပ်အကိုင် အခွင့်အလမ်းအတွက် ဘာသာစကား စွမ်းရည် ဖြင့်အသင့်ပြင်ထားပါ။

ဘာသာစကားများကို ကျွမ်းကျင်အောင်သင်ယူပါ။

Featured Courses

_____________

Learning often happens in classrooms but it doesn't have to. Use Eduflow to facilitate learning experiences no matter the context.

TOP FREE COURSES

_____________

Founder of BPro Language School

_______________________

ဆရာကျော်စိုးထက်သည် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ၂၁၀၈ ခုနှစ်တွင် ရေကြောင်းသိပ္ပံ ပညာရပ်ဖြင့် ဂုဏ်ထူးဆောင် သိပ္ပံဘွဲ့ကို ရရှိခဲ့ပါသည်။ တက္ကသိုလ်ဝင်တန်း ဖြေပြီးသည့်အချိန်မှ စ၍ တရုတ်ဘာသာစကားကို စတင်လေ့လာခဲ့ပြီး တက္ကသိုလ် နောက်ဆုံး နှစ်အထိ ဆရာဖြင့် ၅ နှစ်ဆက်တိုက် သင်ယူလေ့လာခဲ့ပါသည်။ တက္ကသိုလ် တက်နေစဉ်ကာလ တွင် ထိုင်ဝမ်-တရုတ် သင်္ဘောလိုင်း ကုမ္ပဏီတစ်ခု ဖြစ်သော Wan Hai Line ၏ အလုပ် အင်တာဗျူးကို ဝင်ရောက်ဖြေဆိုရာ တရုတ်စာ ကျွမ်းကျင်မှုရှိ၍ ပညာသင်ဆု Scholarship အရွေးချယ်ခံခဲ့ရပြီး ကျောင်း ၄ နှစ် ပြီး၍ ၅ နှစ်မြောက် စာသင်နှစ်အနေနှင့် အလုပ်သင် Cadet ရာထူးဖြင့် ၂၀၁၇ မှ ၂၀၁၈ အထိ တစ်နှစ်တိတိ သင်္ဘောပေါ်တွင် အလုပ်လုပ်ခဲ့ပါသည်။

သင်္ဘောမှ ပြန်လာသောအခါတွင် ဒုတိယ ကုန်းပတ်အရာရှိ (Second Mate) စာမေးပွဲကို တစ်နှစ်ကျော် ပြင်ဆင်ကာ ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ပါသည်။ သင်္ဘောပေါ်တွင် တရုတ်စကားသာ ပြောကြသော ကုန်းပတ်အရာရှိချုပ် (Chief Mate) နှင့် တတိယ ကုန်းပတ်အရာရှိ တို့ထံမှ တရုတ်ဘာသာ စကားဖြင့်သာ training အားလုံးကို သင်ကြားခံခဲ့ရပြီး note များကအစ တရုတ် လိုဘဲ ထုတ်ခဲ့ ခြင်း စာရွက်စာတမ်း များကအစ တရုတ်လို ကွန်ပြူတာရိုက်ကာ တစ်နှစ်လုံးလုံး အလုပ်လုပ် ခဲ့ရခြင်း တို့ကြောင့် တရုတ်စာ အပြောအဆိုနှင့် အခေါ်အဝေါ်များကို ပိုင်နိုင် ကျွမ်းကျင်ခဲ့ပါသည်။ Second Mate စာမေးပွဲ အောင်မြင်သောအခါတွင် ဘာသာစကားများနှင့် သင်ကြားရေးကိုသာ ဝါသနာ ပါလွန်းလှ၍ ဘာသာ စကား သင်ကြားရေးအလုပ်ကို ဇောက်ချလုပ်မည်ဟု ဆုံးဖြတ်ကာ လက်ထောက် တတိယကုန်းပတ် ရာထူးဖြင့် ကုမ္ပဏီဘက်မှ ပြန်ခေါ်သော်လည်း မတက်ခဲ့ပါချေ။ ဆရာကျော်စိုးထက်သည် စာသင် လောကထဲကို ခြေချခဲ့သည်မှာ ၆ နှစ်ကျော် ၇နှစ်နီးပါး ရှိပြီ ဖြစ်ကာ အဓိကအနေဖြင့် အင်္ဂလိပ်စာ၊ တရုတ်စာ ၊ စပိန်စာများကို Online မှ သင်ကြား ပေးနေသော ဆရာတစ်ဦး ဖြစ်သလို သင်္ဘောသားများအတွက် Marlins English ,Maritime Chinese သင်္ဘောသားတရုတ်စာကိုလည်း သင်ကြားပေးလျက် ရှိပါတယ်။ ဆရာ ကျော်စိုးထက် သည် တရုတ်ဘာသာစကား အပါအဝင် အင်္ဂလိပ်၊ စပိန်၊ ပေါ်တူဂီ၊ ဂျပန် ၊ ဂျာမန်၊ ပြင်သစ် ၊ ဟင်ဒီ ဘာသာစကား များကိုလည်း ထိုက်သင့်သည့် level များအလိုက်တတ်ကျွမ်းထားသော Polyglot (ဘာသာစကားများကျွမ်းကျင်သူ) တစ်ဦးဖြစ်ပါသည်။လက်ရှိတွင်ဆရာသည် BPro Chinese Facebook Page တွင် Level အလိုက် တရုတ်စာသင်တန်းများ ဖွင့်လှစ် သင်ကြားလျက်ရှိပြီး၊ Kyaw Soe Htet Polyglot Facebook Page တွင်တော့ ဘာသာစကား လေ့လာရေးဆိုင်ရာ ဗဟုသုတရဖွယ်ရာ Content အကြောင်းအရာများကို ဝေမျှပေးလျက်ရှိနေပါတယ်။

tech_area

BPro Language School

ကျွန်ုပ်တို့ရဲ့ BPro ဘာသာစကား သင်တန်းကျောင်းမှ ကြိုဆိုပါတယ်။ ကျွန်တော်တို့ရဲ့ BPro ဘာသာစကား သင်တန်းကျောင်းကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် စတင် တည်ထောင် ဖွင့်လှစ်ခဲ့ပါတယ်။ BPro ရဲ့ Founder ဖြစ်တဲ့ ဆရာကျော်စိုးထက်ဟာ တရုတ်စာ စာသင်သက် ၇ နှစ်ကျော် ရှိပြီဖြစ်ပြီး တရုတ်ဘာသာ အပါအဝင် ဘာသာစကား ၈ မျိုးကို ကျွမ်းကျင် တတ်မြောက်ထားတဲ့ ဆရာတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ သင်တန်းကျောင်းမှာ ဘာသာ စကားသင်ကြားမှုဆိုတာက ပျင်းစရာ မဟုတ်ဘဲ ပျော်စရာဖြစ်အောင်၊ မှတ်မိရလွယ်ကူအောင် ဆရာကိုယ်တိုင် ရေးဆွဲ ထုတ်နှုတ်ထားတဲ့ သင်ရိုးများဖြင့် သင်ကြားပေးတာဖြစ်ပါတယ်။

REVIEWS

Follow Us        

tech_area

ယနေ့ လျင်မြန်စွာ တိုးတက်နေတဲ့ မျက်မှောက်ခေတ်ရဲ့ ခေတ်ရေစီးကြောင်း လိုအပ်ချက်ကို အမှီလိုက်နိုင်ဖို့ BPro နဲ့အတူ ဘာသာစကားများ သင်ယူကြပါစို့။

Warmly Welcome, Our organization is always there for you. Grow with BPro

ADDRESS

      No.1B, YadanarPone 3rd Street and Nawaratt Street Corner, No.10 North Ward, Tarkayta Township, Yangon.

     09 699 423 453, 09 788 088 078

     [email protected]

     095192294

CONTACT US

Our support available to help you 24 hours a day, seven days a week.

Monday-Friday:

8 Am to 10 Pm

Saturday:

9 Am to 10 Pm

Sunday:

9 Am to 10 Pm

Copyright © 2023 BPro Language School. All rights reserved & Powered by Tech Area.