BPro ELS

About Of BPro Language School

ကျွန်ုပ်တို့ရဲ့ BPro ဘာသာစကား သင်တန်းကျောင်းမှ ကြိုဆိုပါတယ်။ ကျွန်တော်တို့ရဲ့ BPro ဘာသာစကား သင်တန်းကျောင်းကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပါတယ်။ BPro ရဲ့ Founder ဖြစ်တဲ့ ဆရာကျော်စိုးထက်ဟာ တရုတ်စာ စာသင်သက် ၇ နှစ်ကျော် ရှိပြီဖြစ်ပြီး တရုတ်ဘာသာ အပါအဝင် ဘာသာစကား ၈ မျိုးကို ကျွမ်းကျင် တတ်မြောက်ထားတဲ့ ဆရာတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ သင်တန်းကျောင်းမှာ ဘာသာစကားသင်ကြားမှုဆိုတာက ပျင်းစရာမဟုတ်ဘဲ ပျော်စရာဖြစ်အောင်၊ မှတ်မိရလွယ်ကူအောင် ဆရာကိုယ်တိုင် ရေးဆွဲထုတ်နှုတ်ထားတဲ့ သင်ရိုးများဖြင့် သင်ကြားပေးတာဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်စာနဲ့ ပတ်သက်တဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး နောက်နှစ်များတွင်တော့ တစ်ခြား ဘာသာစကားများ ဖြစ်တဲ့ အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ စပိန် စတဲ့ ဘာသာစကားများကို ထပ်တိုး သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။

Founder of BPro Language School

_______________________

ဆရာကျော်စိုးထက်သည် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ၂၁၀၈ ခုနှစ်တွင် ရေကြောင်းသိပ္ပံ ပညာရပ်ဖြင့် ဂုဏ်ထူးဆောင် သိပ္ပံဘွဲ့ကို ရရှိခဲ့ပါသည်။ တက္ကသိုလ်ဝင်တန်း ဖြေပြီးသည့်အချိန်မှ စ၍ တရုတ်ဘာသာစကားကို စတင်လေ့လာခဲ့ပြီး တက္ကသိုလ် နောက်ဆုံး နှစ်အထိ ဆရာဖြင့် ၅ နှစ်ဆက်တိုက် သင်ယူလေ့လာခဲ့ပါသည်။ တက္ကသိုလ် တက်နေစဉ်ကာလ တွင် ထိုင်ဝမ်-တရုတ် သင်္ဘောလိုင်း ကုမ္ပဏီတစ်ခု ဖြစ်သော Wan Hai Line ၏ အလုပ် အင်တာဗျူးကို ဝင်ရောက်ဖြေဆိုရာ တရုတ်စာ ကျွမ်းကျင်မှုရှိ၍ ပညာသင်ဆု Scholarship အရွေးချယ်ခံခဲ့ရပြီး ကျောင်း ၄ နှစ် ပြီး၍ ၅ နှစ်မြောက် စာသင်နှစ်အနေနှင့် အလုပ်သင် Cadet ရာထူးဖြင့် ၂၀၁၇ မှ ၂၀၁၈ အထိ တစ်နှစ်တိတိ သင်္ဘောပေါ်တွင် အလုပ်လုပ်ခဲ့ပါသည်။

သင်္ဘောမှ ပြန်လာသောအခါတွင် ဒုတိယ ကုန်းပတ်အရာရှိ (Second Mate) စာမေးပွဲကို တစ်နှစ်ကျော် ပြင်ဆင်ကာ ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ပါသည်။ သင်္ဘောပေါ်တွင် တရုတ်စကားသာ ပြောကြသော ကုန်းပတ်အရာရှိချုပ် (Chief Mate) နှင့် တတိယ ကုန်းပတ်အရာရှိ တို့ထံမှ တရုတ်ဘာသာ စကားဖြင့်သာ training အားလုံးကို သင်ကြားခံခဲ့ရပြီး note များကအစ တရုတ် လိုဘဲ ထုတ်ခဲ့ ခြင်း စာရွက်စာတမ်း များကအစ တရုတ်လို ကွန်ပြူတာရိုက်ကာ တစ်နှစ်လုံးလုံး အလုပ်လုပ် ခဲ့ရခြင်း တို့ကြောင့် တရုတ်စာ အပြောအဆိုနှင့် အခေါ်အဝေါ်များကို ပိုင်နိုင် ကျွမ်းကျင်ခဲ့ပါသည်။ Second Mate စာမေးပွဲ အောင်မြင်သောအခါတွင် ဘာသာစကားများနှင့် သင်ကြားရေးကိုသာ ဝါသနာ ပါလွန်းလှ၍ ဘာသာ စကား သင်ကြားရေးအလုပ်ကို ဇောက်ချလုပ်မည်ဟု ဆုံးဖြတ်ကာ လက်ထောက် တတိယကုန်းပတ် ရာထူးဖြင့် ကုမ္ပဏီဘက်မှ ပြန်ခေါ်သော်လည်း မတက်ခဲ့ပါချေ။ ဆရာကျော်စိုးထက်သည် စာသင် လောကထဲကို ခြေချခဲ့သည်မှာ ၆ နှစ်ကျော် ၇နှစ်နီးပါး ရှိပြီ ဖြစ်ကာ အဓိကအနေဖြင့် အင်္ဂလိပ်စာ၊ တရုတ်စာ ၊ စပိန်စာများကို Online မှ သင်ကြား ပေးနေသော ဆရာတစ်ဦး ဖြစ်သလို သင်္ဘောသားများအတွက် Marlins English ,Maritime Chinese သင်္ဘောသားတရုတ်စာကိုလည်း သင်ကြားပေးလျက် ရှိပါတယ်။ ဆရာ ကျော်စိုးထက် သည် တရုတ်ဘာသာစကား အပါအဝင် အင်္ဂလိပ်၊ စပိန်၊ ပေါ်တူဂီ၊ ဂျပန် ၊ ဂျာမန်၊ ပြင်သစ် ၊ ဟင်ဒီ ဘာသာစကား များကိုလည်း ထိုက်သင့်သည့် level များအလိုက်တတ်ကျွမ်းထားသော Polyglot (ဘာသာစကားများကျွမ်းကျင်သူ) တစ်ဦးဖြစ်ပါသည်။လက်ရှိတွင်ဆရာသည် BPro Chinese Facebook Page တွင် Level အလိုက် တရုတ်စာသင်တန်းများ ဖွင့်လှစ် သင်ကြားလျက်ရှိပြီး၊ Kyaw Soe Htet Polyglot Facebook Page တွင်တော့ ဘာသာစကား လေ့လာရေးဆိုင်ရာ ဗဟုသုတရဖွယ်ရာ Content အကြောင်းအရာများကို ဝေမျှပေးလျက်ရှိနေပါတယ်။

tech_area

ဘာဖြစ်လို့ BPro ကို ရွေးချယ်သင့်တာလဲ?

  • အရည်အချင်းပြည့်ဝသော အတွေ့အကြုံရှိ ဆရာ၊ ဆရာမ များမှ လမ်းညွှန် သင်ကြား ပေးခြင်း၊
  • ဆရာ၊ ဆရာမများ ကိုယ်တိုင်ရေးဆွဲ ထုတ်နှုတ်ထားသော သင်ရိုးညွှန်တမ်း များဖြင့် သင်ကြားပေးခြင်း၊
  • လူတွေ့အတန်း၊ Online မှတစ်ဆင့် ဆရာ/ ဆရာမများ ကိုယ်တိုင် တိုက်ရိုက် သင်ကြားပေးသော Zoom အတန်း၊ မိမိ အားလပ်သည့် အချိန်၊ နေရာ၊ ဒေသမရွေး လေ့လာနိုင်သော Video အတန်းများ ခွဲပေးထား၍ မိမိရဲ့ လိုအပ်ချက်အတွက် ကိုက်ညီသော အတန်းများကို တက်ရောက်နိုင်ခြင်း၊
  • လူတွေ့အတန်းအတွက်လည်း ကျောင်းသား ၃၀ ဦးသာ လက်ခံပြီး တိတ်ဆိတ်ငြိမ်သက်၍ ကျယ်ဝန်းသော အခန်းဖြင့် အတန်းအား ပံပိုးပေးထားခြင်း၊
  • Zoom အတန်းနှင့် လူတွေ့ အတန်းအတွက် လူ ၂၀ သာ လက်ခံထားသဖြင့် သင်တန်းသား တစ်ဦးစီ အတွက် ထိရောက်မှုရှိခြင်း၊
  • မိမိရဲ့ လိုအပ်ချက်အလိုက် 4 Skills (ရက်ရှည်သင်တန်း)၊ 2 Skills (ရက်တိုသင်တန်း) များ ဖွင့်လှစ်ထားပေးခြင်း၊

Frequently Asked Questions (FAQ)

တရုတ်စာ (4 skills and 2 Skills) ၊ သင်္ဘောသားသုံးတရုတ်စာ။

နောက်ထပ် အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း ၊ စပိန် ဘာသာစကားများ ထပ်တိုး သင်ဖို့ရှိပါတယ်။

တရုတ်စာမှာ က level ကို HSK Level 1 ကနေ Level 6 ဆိုပြီး သတ်မှတ်ထားပါတယ်။ Level 1 က အခြေခံ အကျဆုံး အနိမ့်ဆုံးဖြစ်ပြီး ၊ Level 6 က အမြင့်ဆုံးဖြစ်ပါတယ်။ HSK 1 နဲ့ 2 က Beginner (အခြေခံ)၊ HSK 3 နဲ့ 4 က Intermediate (အလယ်အလတ်) , HSK 5,6 က Advanced (အဆင့်မြင့်) ဆိုပြီး အလွယ်တကူ မှတ်ထားနိုင်ပါတယ်။

2 Skills အတန်းအတွက်ဆို သင်တန်းကာလ ၂လပါ။ 4 Skills အတန်းအတွက်ဆို HSK 1ကနေ 2 အထိ Level တစ်ခုစီအတွက် သင်တန်းကာလ က ၃ လ ပါ ။ HSK 3 နဲ့ 4 ကတော့ Level တစ်ခုစီအတွက် သင်တန်းကာလ ၃ လခွဲပါ။

တစ်ဦးချင်းစီအတွက် ထိရောက်မှု ရှိစေဖို့ လူ ၂၀ ဘဲ လက်ခံပါတယ်။

2 Skills အတန်းအတွက်ဆို သင်တန်းကာလ ၂လပါ။ 4 Skills အတန်းအတွက်ဆို HSK 1ကနေ 2 အထိ Level တစ်ခုစီအတွက် သင်တန်းကာလ က ၃ လ ပါ ။ HSK 3 နဲ့ 4 ကတော့ Level တစ်ခုစီအတွက် သင်တန်းကာလ ၃ လခွဲပါ။

HSK 1 to 4 အထိ သင်ကြာပေးပါတယ်။

ကျွန်တော်တို့ သင်တန်းကျောင်းအနေနဲ့ ဘာသာစကားတွေကို လူတွေ့အတန်း၊ Online မှ ဆရာ တိုက်ရိုက် သင်ကြားပေးသော Zoom အတန်း ၊ မိမိကြိုက်သည့် အချိန်လေ့လာနိုင်သော Video အတန်းများ ဆိုပြီး ၃မျိုး ခွဲပေးထားပြီး ကိုယ့်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အတန်းများကို ရွေးချယ် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

၂ လပြတ် စကားပြော သီးသန့် (2 Skills) အတန်းရှိပါတယ်။

ဒါဆို ၂ လပြတ် စကားပြော သီးသန့် (2 Skills) အတန်းကို တက်နိုင်ပါတယ်။

အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

HSK Level 1 ကနေ 4 အထိ (4 Skills) ရက်ရှည်သင်တန်း၊ အခြေခံ အပြောသီးသန့် (၂လပြတ်) အမြန်သင်တန်း၊ သင်္ဘောသား အခြေခံတရုတ်စာ (၂လပြတ်) သင်တန်းတို့ ဖွင့်လှစ် ထားပါတယ်။

မရှိပါဘူး။

HSK 1ကနေ 2 အထိ Level တစ်ခုကို သင်တန်းကာလ က ၃ လ ပါ ။ HSK 3 နဲ့ 4 ကတော့ ၃ လခွဲပါ။ video အတန်းမှာတော့ အပတ်စဉ် ဆရာက စာပြန်ရှင်းပြပြီး ကိုယ်နားမလည်တာ မေးလို့ရမယ့် live ရှိပါမယ်။

Level တစ်ခု ပြီးတိုင်း စာမေးပွဲ ဖြေရမှာ ဖြစ်ပြီး အိမ်စာမှန်မှန်ထပ်ပြီး Attendance 90% နှင့်အထက် ရှိသူများကိုသာ Certificate ထုတ်ပေးမှာဖြစ်ပါတယ်။ Video class တက်သူများ ကိုတော့ PDF certificate ဘဲ ပေးအပ်သွားမှာဖြစ်ပြီး ၊ Print out certificate လိုချင်တယ် ဆိုရင်တော့ Print out ခ နှင့် Delivery ခကို သင်တန်းသားဘက်က ပေးဆောင်ကာ ထုတ်ယူနိုင်ပါတယ်။

HSK 1-4 ကို Standard HSK နဲ့ ကိုက်ညီအောင် ဆရာက ကိုယ်တိုင် ရေးဆွဲ ပြင်ဆင် ထားပြီး မြန်မာလူမျိုးတွေ နားလည်လွယ်မယ့် ပုံစံ သင်ရိုးနဲ့ သင်ကြား‌ပေးမှာ ဖြစ်ပါတယ်။

အမြန်ဆုံး လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။

အမြန်ဆုံး လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။

အမြန်ဆုံး လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။

Follow Us        

tech_area

ယနေ့ လျင်မြန်စွာ တိုးတက်နေတဲ့ မျက်မှောက်ခေတ်ရဲ့ ခေတ်ရေစီးကြောင်း လိုအပ်ချက်ကို အမှီလိုက်နိုင်ဖို့ BPro နဲ့အတူ ဘာသာစကားများ သင်ယူကြပါစို့။

Warmly Welcome, Our organization is always there for you. Grow with BPro

ADDRESS

      No.1B, YadanarPone 3rd Street and Nawaratt Street Corner, No.10 North Ward, Tarkayta Township, Yangon.

     09 699 423 453, 09 788 088 078

     [email protected]

     095192294

CONTACT US

Our support available to help you 24 hours a day, seven days a week.

Monday-Friday:

8 Am to 10 Pm

Saturday:

9 Am to 10 Pm

Sunday:

9 Am to 10 Pm

Copyright © 2023 BPro Language School. All rights reserved & Powered by Tech Area.