BPro ELS

Exam Guides

HSK Level 1

HSK 1 အဆင့် ရှိသူသည် အလွန်ရိုးရှင်းသော အခြေခံကျသော တရုတ်စာ စာလုံးများနှင့် စကားတွဲ များကို သိရှိနိုင်ပြီး အခြေခံ ပြောဆိုဆက်သွယ်မှုများကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ HSK 2 ဆက်တက်နိုင်ရန်အတွက် အလွန်အခြေခံကျသော အဆင့်ဖြစ်ပါသည်။ တရုတ်စာလုံး ၁၅၀ ကို ပိုင်နိုင်ကျွမ်းကျင်ထားရပါမည်။

HSK 1 အစမ်းစာမေးပွဲ ပုံစံများ

Test 1 (H10901) Reading, Listening

Test 2 (H10902) Reading, Listening

Test 3 (H10903) Reading, Listening

HSK 1 စာမေးပွဲ ပုံစံ

မေးခွန်းလွှာတွင် Listening နှင့် Reading ဆို ပြီး အပိုင်းကြီး ၂ ပိုင်း ပါ၀င်မှာ ဖြစ်ပါတယ်။ HSK 1 မှာ စာလုံးတိုင်းကို တရုတ်စာ လုံးနှင့်Pinyin ၂ ခု လုံးဖြင့် ဖော်ပြမှာဖြစ်ပါတယ်။

အပိုင်းများ ပါဝင်သောအကြောင်းအရာ

 i.   Listening

(မေးခွန်း၂၀ / ၁၅ မိနစ်)

အပိုင်း(၁) မေးခွန်း ၅ ခု
မေးခွန်းတစ်ခုချင်းစီရဲ့ အသံဖိုင်များကို ၂ ခေါက် ဖွင့်ပြမှာ ဖြစ်ပါတယ်။ မေးခွန်း တစ်ခုစီတွင် ပုံတစ်ခုနှင့် စာတစ်ခု ပေးထားမှာ ဖြစ်ပြီး ၊ စာမေးပွဲဖြေသူဟာ ကြားရတဲ့အသံဖိုင် အပေါ် မူတည်ပြီး ပုံနှင့်စာ ကိုက်ညီမှု ရှိမရှိကို အမှန်အမှား ခြစ်ပေးရမှာ ဖြစ်ပါတယ်။
အပိုင်း(၂) မေးခွန်း ၅ ခု
မေးခွန်း တစ်ခုချင်းစီရဲ့ အသံဖိုင်များကို ၂ ခေါက် ဖွင့်ပြမှာ ဖြစ်ပါတယ်။ စာကြောင်း တစ်ကြောင်းနှင့် ပုံ (၃) ပုံ ပေးထားမှာဖြစ်ပြီး စာမေးပွဲဖြေသူဟာ သူတို့ ကြားတဲ့အသံဖိုင် အပေါ်မူတည်ပြီး အဖြေ မှန်ကို ရွေးပေးရပါမယ်။
အပိုင်း(၃) မေးခွန်း ၅ ခု
မေးခွန်းတစ်ခုချင်းစီရဲ့ အသံဖိုင်များကို ၂ ခေါက် ဖွင့်ပြမှာ ဖြစ်ပါတယ်။ စကားပြော ဒိုင်ယာ လေ့ာဂ် တစ်ခုနဲ့ ပုံတွေကို ပေးထားမှာဖြစ်ပြီး စာမေးပွဲဖြေသူဟာ သူတို့ ကြားရတဲ့ အသံဖိုင် အပေါ်မူတည်ပြီး အဖြေမှန်ကို ရွေးပေးရပါမယ်။
အပိုင်း(၄) မေးခွန်း ၅ ခု
မေးခွန်းတစ်ခုချင်းစီရဲ့ အသံဖိုင်များကို ၂ ခေါက်ဖွင့်ပြမှာဖြစ်ပါတယ်။ မေးခွန်းတစ်ခု စီမှာ လူတစ်ယောက်က စာကြောင်းတစ်ကြောင်း ပြောတဲ့ပုံစံကို ပေးထားပါမယ်။ နောက် တစ်ဦးက မေးခွန်းမေးတဲ့ ပုံစံဖြစ်ပြီး ရွေးချယ်ရမယ့် အဖြေ ၃ ခု ရှိပါတယ်။ စာမေးပွဲ ဖြေသူဟာ သူတို့ ကြားရတဲ့ အသံဖိုင်အပေါ် မူတည်ပြီး အဖြေ မှန်ကို ရွေးပေးရပါမယ်။
အဖြေမှန်ကို မိမိ အဖြေလွှာပေါ်တွင်ရေးရန် (3 mins)

     ii.  Reading

(မေးခွန်း၂၀ / ၁၇ မိနစ်)

အပိုင်း(၁) မေးခွန်း ၅ ခု
မေးခွန်းတစ်ခု စီမှာ ပုံ တစ်ခု နဲ့ စာကြောင်းပါပါမယ်။ စာမေးပွဲဖြေသူဟာ ဒါတွေက တစ်ခုနဲ့ တစ်ခု ကိုက်ညီမှု ရှိမရှိဆိုတာကို ဆုံးဖြတ်ရပါမယ်။
အပိုင်း(၂) မေးခွန်း ၅ ခု
မေးခွန်းလွှာမှာ ပုံတွေအများကြီး ပါပါမယ်။ မေးခွန်းတစ်ခုစီမှာ စာကြောင်း တစ်ခုစီ ပါပါ မယ်။ စာမေးပွဲ ဖြေသူဟာ စာကြောင်းနှင့် သက်ဆိုင်သော ပုံ ကို ရွေးချယ်ပေးရမှာ ဖြစ်ပါ တယ်။
အပိုင်း(၃) မေးခွန်း ၅ ခု
ဒီ ကဏ္ဍမှာတော့ မေးခွန်း ၅ ခု နှင့် အဖြေ ၅ ခု ပါဝင်မှာဖြစ်ပါတယ်။ စာမေးပွဲဖြေသူဟာ အဖြေ ကို သက်ဆိုင်ရာ မေးခွန်းနှင့် တွဲပေးရမှာ ဖြစ်ပါတယ်။
အပိုင်း(၄) မေးခွန်း ၅ ခု
စုစုပေါင်း (၃၅မိနစ်) / စုစုပေါင်း မေးခွန်း ၄၀ ခု

စာမေးပွဲ သည် စုစုပေါင်း မိနစ် ၄၀ ကြာမည်ဖြစ်ပြီး ၃၅ မိနစ်သည် ဖြေဆိုချိန်ဖြစ်ကာ ကျန် ၅ မိနစ် မှာ စာမေးပွဲ ဖြေသူများမှာ မိမိ ၏ ကိုယ် ရေး အချက် အလက်များကို ဖြည့်သွင်းရန် ပေးထားခြင်းဖြစ်ပါတယ်။

HSK 1 အဖြေ Certificate ပုံစံ

အမှတ်ပြည့် မိမိရသည့်အမှတ်
Listening 100
Reading 100
Total 200 120 အောင်မှတ်

HSK Level 1 အတွက် ဆိုရင် အမှတ်တွေက Listening, Reading နဲ့ Total စုစုပေါင်း ဆိုပြီး ဇယား ၃ ကွက်နဲ့ လာပါမယ်။ တစ်ပိုင်း စီကို အမှတ် ၁၀၀ ပေးပါတယ်။ စာမေးပွဲဖြေ သူဟာ အနည်းဆုံး အမှတ် ၁၂၀ ရမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။

တရုတ်တက္ကသိုလ်များသို့ HSK အမှတ်ဖြင့် လျှောက်ထားလိုသူများကတော့ HSK Certificate ဟာ စဖြေတဲ့ စာမေးပွဲ နေ့ကနေစပြီး (၂) နှစ်သာ သက်တမ်းရှိပါတယ်။ နှစ်ကျော်သွားရင် ပြန်ဖြေရမှာ ဖြစ်ပါတယ်။

HSK Level 2

HSK 2 အဆင့်ရှိသူသည် တရုတ်စာ၏ HSK 1 အခြေခံထက် သာလွန်သော ပြောဆိုဆက်သွယ် မှုများကို အနည်းငယ် အဆင့်မြင့်စွာ ပြောဆိုနိုင်မည်ဖြစ်ကာ စာလုံးအရေအတွက်လည်း ပိုမို အသုံးပြုနိုင်၍ နေ့စဉ်သုံးစကားများ၊ ပုံမှန်စကားပြောများကို လိမ့်ပတ်လည်အောင် ပြောဆို ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။ စာလုံးရေ စုစုပေါင်း ၃၀၀ ကို ပိုင်နိုင် ကျွမ်းကျင်ထားရပါမည်။

HSK 2 အစမ်းစာမေးပွဲ ပုံစံများ

Test 1 (H20901) Reading, Listening

Test 2 (H20902) Reading, Listening

Test 3 (H20903) Reading, Listening

HSK 2 စာမေးပွဲ ပုံစံ

မေးခွန်းလွှာတွင် Listening နှင့် Reading ဆို ပြီး အပိုင်းကြီး ၂ ပိုင်း ပါ၀င်မှာ ဖြစ်ပါတယ်။ HSK 2 မှာ စာလုံးတိုင်းကို တရုတ်စာ လုံးနှင့်Pinyin ၂ ခု လုံးဖြင့် ဖော်ပြမှာဖြစ်ပါတယ်။

အပိုင်းများ ပါဝင်သောအကြောင်းအရာ

     i. Listening

(မေးခွန်း ၃၅ ခု / ၂၅ မိနစ်)

အပိုင်း(၁) မေးခွန်း၁၀ခု
မေးခွန်းတစ်ခုချင်းစီရဲ့ အသံဖိုင်များကို ၂ ခေါက်ဖွင့်ပြမှာဖြစ်ပါတယ်။ မေးခွန်း တစ်ခု စီ တွင် ပုံ တစ်ခု နှင့် စာတစ်ကြောင်း ပေးထားမှာဖြစ်ပြီး ၊ စာမေးပွဲဖြေသူဟာ ကြားရတဲ့အသံဖိုင် အပေါ်မူတည်ပြီး ပုံနှင့်စာ ကိုက်ညီမှု ရှိမရှိကို အမှန်အမှား ဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။
အပိုင်း(၂) မေးခွန်း၁၀ခု
မေးခွန်းတစ်ခုချင်းစီရဲ့ အသံဖိုင်များကို ၂ ခေါက်ဖွင့်ပြမှာဖြစ်ပါတယ်။ မေးခွန်းတစ်ခုချင်းစီအတွက် စကားပြော ဒိုင်ယာလောဂ့်တစ်ခု နဲ့ ပုံများကို ပေးထားမှာဖြစ်ပါတယ်။ စာမေးပွဲ ဖြေသူဟာ ကိုယ့်ရဲ့ အသံဖိုင်က ကြားရတဲ့ အပေါ်မူတည်ပြီး သင့်တော်တဲ့ အဖြေကို ရွေးချယ် ပေးရမှာ ဖြစ်ပါတယ်။
အပိုင်း(၃) မေးခွန်း၁၀ခု
မေးခွန်း တစ်ခုချင်းစီရဲ့ အသံဖိုင်များကို ၂ ခေါက်ဖွင့်ပြမှာ ဖြစ်ပါတယ်။ မေးခွန်းတစ်ခု စီမှာ လူ ၂ ယောက် စကားပြောနေတဲ့ ဒိုင်ယာလော့ဂ် တစ်ခု ပါမှာဖြစ်ပြီး တတိယ လူက ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို မေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။ စာပိုဒ်အပေါ် အခြေခံပြီး စာမေးပွဲ ဖြေသူ တွေဟာ အဖြေမှန် (၃) ခု ထဲက တစ်ခုကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
အပိုင်း(၄) မေးခွန်း ၅ ခု
မေးခွန်းတစ်ခုချင်းစီရဲ့ အသံဖိုင်များကို ၂ ခေါက်ဖွင့်ပြမှာဖြစ်ပါတယ်။ မေးခွန်းတစ်ခုစီမှာ စာကြောင်း ၄-၅ ကြောင်းပါတဲ့ လူ(၂) ယောက်စကားပြောတဲ့ ဒိုင်ယာလော့ဂ် တစ်ခု ပါပြီး တတိယလူက စာပိုဒ်ရဲ့ အဆုံးမှာ မေးခွန်း မေးပါလိမ့်မယ်။ စာပိုဒ်ထဲမှာ ဘာကို ကြားလိုက်လဲ ဆိုတဲ့အပေါ် အခြေခံပြီး စာမေးပွဲ ဖြေသူတွေဟာ အဖြေမှန် (၃) ခု ထဲက တစ်ခုကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
အဖြေမှန်ကို မိမိ အဖြေလွှာပေါ်တွင်ရေးရန် (3 mins)

     ii. Reading

(မေးခွန်း ၂၅ခု / ၂၂ မိနစ်)

အပိုင်း(၁) မေးခွန်း ၅ ခု
မေးခွန်းလွှာပေါ်မှာ ပုံတွေ အများကို ပေးထားမှာ ဖြစ်ပါတယ်။ မေးခွန်း တစ်ခု စီမှာ စာကြောင်း တစ်ကြောင်းစီ ပေးထားမှာ ဖြစ်ပါတယ်။ စာမေးပွဲ ဖြေသူတွေဟာ ပေးထားတဲ့ စာကြောင်းအပေါ် မူတည်ပြီး သင့်တော်တဲ့ ပုံတစ်ခုကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
အပိုင်း(၂) မေးခွန်း ၅ ခု
မေးခွန်းတစ်ခုစီအတွက် စာကြောင်း ၁ ကြောင်း သို့မဟုတ် ၂ ကြောင်း ပေးထားမှာ ဖြစ်ပြီး စာလုံး တစ်လုံးက ပျောက်နေမှာ ဖြစ်ပါတယ်။ စာမေးပွဲ ဖြေသူတွေဟာ အဖြေကဏ္ဍမှာ ရှိတဲ့ အဖြေမှန်ကို ရွေးချယ်ပြီး ကွက်လပ် ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
အပိုင်း(၃) မေးခွန်း ၅ ခု
မေးခွန်း တစ်ခုစီအတွက် စာကြောင်း (၂) ခုစီပေးထားမှာ ဖြစ်ပါတယ်။ စာမေးပွဲ ဖြေသူတွေဟာ ဒုတိယ စာကြောင်းဟာ ပထမ စာကြောင်းနဲ့ ကိုက်ညီမှု ရှိမရှိကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
အပိုင်း(၄) မေးခွန်း ၁၀ ခု
ဒီအပိုင်းမှာတော့ စာကြောင်း (၂၀) ကို ပေးထားမှာဖြစ်ပါတယ်။ မေးခွန်းက စာမေးပွဲ ဖြေသူတွေကို ဒီ စာကြောင်းတွေ ကြားမှာရှိတဲ့ ဆက်နွယ်မှုတွေကို ရှာခိုင်းမှာ ဖြစ်ပါတယ်။
စုစုပေါင်း
(မိနစ် ၆၀)
/ စုစုပေါင်း မေးခွန်း ၆၀

စာမေးပွဲ သည် စုစုပေါင်း ကြာချိန် ၆၀ မိနစ် ကြာမြင့်မည်ဖြစ်ပြီး ၅၅ မိနစ် သည် ဖြေဆိုချိန် ဖြစ်ကာကျန် ၅ မိနစ် မှာ စာမေးပွဲ ဖြေသူများမှာ မိမိ ၏ ကိုယ် ရေး အချက် အလက်များကို ဖြည့်သွင်းရန် ပေးထားခြင်းဖြစ်ပါတယ်။

HSK 2 အဖြေ Certificate ပုံစံ

အမှတ်ပြည့် မိမိရသည့်အမှတ်
Listening 100
Reading 100
Total 200 120 အောင်မှတ်

HSK Level 2 အတွက် ဆိုရင် အမှတ်တွေက Listening, Reading နဲ့ Total စုစုပေါင်း ဆိုပြီး ဇယား ၃ ကွက်နဲ့ လာပါမယ်။ တစ်ပိုင်း စီကို အမှတ်၁၀၀ ပေးပါတယ်။ စာမေးပွဲဖြေ သူဟာ အနည်းဆုံး အမှတ် ၁၂၀ ရမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။

တရုတ်တက္ကသိုလ်များသို့ HSK အမှတ်ဖြင့် လျှောက်ထားလိုသူများကတော့ HSK Certificate ဟာ စဖြေတဲ့ စာမေးပွဲ နေ့ကနေစပြီး (၂) နှစ်သာ သက်တမ်း ရှိပါတယ်။ နှစ်ကျော်သွားရင် ပြန်ဖြေရမှာ ဖြစ်ပါတယ်။

HSK Level 3

HSK 3 အဆင့်ရှိသူသည် ပညာရေး ဆိုင်ရာ ၊ နေ့စဉ်လူမှု ဘဝ ဆိုင်ရာ ၊ အလုပ်နှင့်ပတ်သက်သော အကြောင်းအရာများကို အခက်အခဲနည်းနည်းဖြင့် လိုတိုရှင်းဆက်သွယ်ပြောဆိုနိုင်မည် ဖြစ်ပြီး တရုတ်ပြည်နှင့် တရုတ်စကားပြော နိုင်ငံများကိုပင် သွားရောက်လည်ပတ်ကာ အခြေခံလမ်းမေး၊ ဟင်းမှာ၊ ပုံမှန် အကြောင်းအရာများကို လွယ်ကူသော သဒ္ဒါ တည်ဆောက်ပုံဖြင့် ပြောဆို ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။ တရုတ်စာလုံးရေ ၆၀၀ လောက်ကို ပိုင်နိုင်ကျွမ်းကျင် ထားရပါမည်။

HSK 3 အစမ်းစာမေးပွဲ ပုံစံများ

Test 1 (H31001) Reading, Listening

Test 2 (H31002) Reading, Listening

Test 3 (H31003) Reading, Listening

HSK 3 စာမေးပွဲ ပုံစံ

မေးခွန်းလွှာတွင် Listening , Reading နှင့် Writing ဆို ပြီး အပိုင်းကြီး ၃ ပိုင်း ပါ၀င်မှာ ဖြစ်ပါတယ်။ HSK 3 မှာ စာလုံးတိုင်းကို တရုတ်စာ လုံးဖြင့်သာ ဖော်ပြထားမှာဖြစ်ပြီး Pinyin ပါ၀င်ခြင်းမရှိပါ။

အပိုင်းများ ပါဝင်သောအကြောင်းအရာ

     i. Listening

(မေးခွန်း ၄၀ ခု / ၃၅ မိနစ်)

အပိုင်း(၁) မေးခွန်း ၁၀ ခု
မေးခွန်းတစ်ခုချင်းစီရဲ့ အသံဖိုင်များကို ၂ ခေါက်ဖွင့်ပြမှာဖြစ်ပါတယ်။ မေးခွန်းတစ်ခု စီအတွက် ဒိုင်ယာလော့ဂ် တစ်ခုနဲ့ ပုံများကို ပေးထားမှာဖြစ်ပါတယ်။ စာမေးပွဲဖြေသူတွေဟာ ကိုယ်ကြားရတဲ့ အပေါ်မူတည်ပြီး မှန်ကန်တဲ့ ပုံကို ရွေးချယ်ရမှာဖြစ်ပါတယ်။
အပိုင်း(၂) မေးခွန်း ၁၀ ခု
မေးခွန်း တစ်ခုချင်းစီရဲ့ အသံဖိုင်များကို ၂ ခေါက်ဖွင့်ပြမှာ ဖြစ်ပါတယ်။ မေးခွန်းတစ်ခု စီအတွက် စာပိုဒ်တို တစ်ခု ကိုဖတ်ပြမှာ ဖြစ်ပြီး မေးခွန်းလွှာပေါ်မှာ ဖော်ပြချက် တစ်ခုလည်း ပါမှာ ဖြစ်ပါ တယ်။ စာမေးပွဲ ဖြေသူတွေဟာ ဒီဖော်ပြချက်ဟာ မှန်လား မှားလား ဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
အပိုင်း(၃) မေးခွန်း ၁၀ ခု
မေးခွန်းတစ်ခုချင်းစီရဲ့ အသံဖိုင်များကို ၂ ခေါက်ဖွင့်ပြမှာ ဖြစ်ပါတယ်။ မေးခွန်း တစ်ခုစီမှာ လူ (၂) ယောက် ပြောကြတဲ့ ဒိုင်ယာလော့ဂ်တစ်ခု ပါဝင်မှာ ဖြစ်ပါတယ်။ တတိယလူဟာ ဒီဒိုင်ယာလော့ဂ်နဲ့ ပတ်သက်ပြီး မေးခွန်းမေးမှာဖြစ်ပါတယ်။ မေးခွန်းလွှာပေါ်မှာ ဖြစ်နိုင်တဲ့အဖြေ (၃)ခု ရှိမှာဖြစ်ပြီး စာမေးပွဲ ဖြေသူတွေဟာ ကိုယ်ကြားတဲ့ အသံဖိုင်အပေါ်မူတည်ပြီး အကောင်းဆုံးအဖြေကို ရွေးချယ် ရမှာဖြစ်ပါတယ်။
အပိုင်း(၄) မေးခွန်း ၁၀ ခု
မေးခွန်း တစ်ခုချင်းစီရဲ့ အသံဖိုင်များကို ၂ ခေါက်ဖွင့်ပြမှာ ဖြစ်ပါတယ်။ မေးခွန်းတစ်ခုစီမှာ လူ ၂ ယောက် စကားပြောကြတဲ့ စာကြောင်း ၄-၅ ကြောင်းပါတဲ့ ဒိုင်ယာလော့ဂ် ပါဝင်မှာဖြစ်ပါတယ်။ တတိယ လူဟာ ဒိုင်ယာလော့ဂ်အပေါ် မူတည်ပြီး မေးခွန်းများမေးမှာ ဖြစ်ပါတယ်။ မေးခွန်းလွှာ ပေါ်မှာ ဖြစ်နိုင်တဲ့ အဖြေ (၃) ခု ပါဝင်မှာဖြစ်ပါတယ်။ စာမေးပွဲ ဖြေသူတွေဟာ သူတို့ ကြားတဲ့ အသံ ဖိုင်အပေါ် မူတည်ပြီး မှန်ကန်တဲ့ အဖြေကို ရွေးချယ်ရမှာဖြစ်ပါတယ်။
အဖြေမှန်ကို မိမိ အဖြေလွှာပေါ်တွင်ရေးရန် (5 mins)

     ii.  Reading

(မေးခွန်း ၃၀ ခု / ၃၀ မိနစ်)

အပိုင်း(၁) မေးခွန်း ၁၀ ခု
ဒီကဏ္ဍမှာတော့ စာကြောင်း (၂၀) ကို ပေးထားမှာ ဖြစ်ပြီး စာမေးပွဲ ဖြေသူတွေဟာ ဒီစာကြောင်း တွေကို သင့်တော်သလို တွဲဆက် ပေးရမှာ ဖြစ်ပါတယ်။
အပိုင်း(၂) မေးခွန်း ၁၀ ခု
မေးခွန်း တစ်ခုစီအတွက် စာကြောင်း (၁)ကြောင်း သို့မဟုတ် (၂)ကြောင်း ပေးထားမှာ ဖြစ်ပြီး ဒီစာကြောင်းထဲမှာ စာလုံးတစ်လုံးဟာ ပျောက်ဆုံးနေမှာ ဖြစ်ပါတယ်။ စာမေးပွဲ ဖြေသူတွေဟာ ပေးထားတဲ့ စာလုံး/ စာလုံးတွဲ တွေကို ကြည့်ပြီး သင့်တော်သည့်အဖြေကို ရွေးချယ်ပြီး ကွက်လပ် ဖြည့်ပေးရပါမယ်။
အပိုင်း(၃) မေးခွန်း ၁၀ ခု
ဒီအပိုင်းမှာ စာပိုဒ်တို (၁၀)ခု ပါဝင်ပါတယ်။ ဒီစာပိုဒ် တွေမှာ မေးခွန်းတွေပါဝင်ပါတယ်။ စာမေးပွဲ ဖြေသူတွေဟာ ပေးထားတဲ့ အဖြေ (၃) ခုထဲက အကောင်းဆုံး အဖြေကို ရွေးချယ်ဖြေဆို ရမှာ ဖြစ်ပါတယ်။

     iii.  Writing

(မေးခွန်း ၁၀ခု / ၁၅ မိနစ်)

အပိုင်း(၁) မေးခွန်း ၅ ခု
မေးခွန်းတစ်ခုစီမှာ စာလုံးပေါင်းများစွာ ပေးထားပါတယ်။ စာမေးပွဲ ဖြေသူတွေဟာ ဒီပေးထားတဲ့ စာလုံး တွေကို အသုံးပြုပြီး စာကြောင်းတစ်ခုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။
အပိုင်း(၂) မေးခွန်း ၅ ခု
ဒီအပိုင်းမှာတော့ စာကြောင်း တစ်ကြောင်းထဲမှာ ကွက်လပ်ပေါက်တွေ များစွာ ရှိမှာ ဖြစ်ပါတယ်။ စာမေးပွဲဖြေသူတွေဟာ သင့်တော်တဲ့ စာလုံးတွေနဲ့ ကွက်လပ်ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။

စုစုပေါင်း
(၈၅ မိနစ်)

/ စုစုပေါင်း မေးခွန်း ၈၀ ခု

စုစုပေါင်းကြာချိန်သည် မိနစ် ၉၀ ဖြစ်ပြီး ၈၅ မိနစ် သည် ဖြေဆိုချိန် ဖြစ်ကာကျန် ၅ မိနစ် မှာ စာမေးပွဲ ဖြေသူများမှာ မိမိ ၏ ကိုယ် ရေး အချက် အလက်များကို ဖြည့်သွင်းရန် ပေးထားခြင်းဖြစ်ပါတယ်။

HSK 3 အဖြေ Certificate ပုံစံ

အမှတ်ပြည့်
Listening 100
Reading 100
Writing 100
Total 300

HSK Level 3 အတွက် ဆိုရင် အမှတ်တွေက Listening, Reading, Writing နဲ့ Total စုစုပေါင်း ဆိုပြီး ဇယား ၄ ကွက်နဲ့ လာပါမယ်။ တစ်ပိုင်း စီကို အမှတ်၁၀၀ ပေးပါတယ်။ HSK 3 မှာ Writing ကဏ္ဍ တစ်ခု အပို ပါလာပါတယ်။ စာမေးပွဲဖြေ သူဟာ အနည်းဆုံး စုစုပေါင်း အမှတ်ရဲ့ ၆၀ % ရမှာသာ အောင်မြင်မှာဖြစ်ပါတယ်။

တရုတ်တက္ကသိုလ်များသို့ HSK အမှတ်ဖြင့် လျှောက်ထားလိုသူများကတော့ HSK Certificate ဟာ စဖြေတဲ့ စာမေးပွဲ နေ့ကနေစပြီး (၂) နှစ်သာ သက်တမ်း ရှိပါတယ်။ နှစ်ကျော်သွားရင် ပြန်ဖြေရမှာ ဖြစ်ပါတယ်။

HSK Level 4

HSK 4 အဆင့်ရှိသူသည် HSK 3 ထက် ပိုမိုကျယ်ပြန့်သော ပညာရပ် အကြောင်းအရာများ၊ နေ့စဉ် အကြောင်းအရာများထက် ကျော်လွန်သော အကြောင်းအရာများကို တရုတ်လူမျိုးများနှင့် အခက်အခဲ မရှိပြောဆိုနိုင်မည် ဖြစ်ပါသည်။ တစ်ချို့ မသိသေးသောစာလုံးများ အကြောင်းအရာ များတော့ ရှိနေနိုင်သေးပါတယ်။ တရုတ်စာလုံးရေ ၁၂၀၀ လောက်ကို ပိုင်နိုင်ကျွမ်းကျင်ထား ရပါမည်။

HSK 4 အစမ်းစာမေးပွဲ ပုံစံများ

Test 1 (H41001) Reading, Listening

Test 2 (H41002) Reading, Listening

Test 3 (H41003) Reading, Listening

HSK 4 စာမေးပွဲ ပုံစံ

မေးခွန်းလွှာတွင် Listening , Reading နှင့် Writing ဆို ပြီး အပိုင်းကြီး ၃ ပိုင်း ပါ၀င်မှာ ဖြစ်ပါတယ်။ HSK 4 မှာ စာလုံးတိုင်းကို တရုတ်စာ လုံးဖြင့်သာ ဖော်ပြထားမှာဖြစ်ပြီး Pinyin ပါ၀င်ခြင်းမရှိပါ။

အပိုင်းများ ပါဝင်သောအကြောင်းအရာ

i. Listening

(မေးခွန်း ၄၅ ခု / ၃၀ မိနစ်)

အပိုင်း(၁) မေးခွန်း ၁၀ ခု
မေးခွန်းတစ်ခုချင်းစီရဲ့ အသံဖိုင်များကို (၁) ခေါက်ဖွင့်ပြမှာ ဖြစ်ပါတယ်။ မေးခွန်း တစ်ခုစီအတွက် စာပိုဒ်တိုလေး တစ်ခုကို အသံဖိုင်က ဖတ်ပြသွားမှာ ဖြစ်ပြီး ဖော်ပြချက် တစ်ခုလည်း မေးခွန်းလွှာ မှာ ပေးထားမှာ ဖြစ်ပါတယ်။ စာမေးပွဲ ဖြေသူဟာ ဖော်ပြချက်မှာ ပါဝင်တဲ့ အကြောင်းအရာက မှန်လား မှားလား ဆိုတာကို ကိုယ်နားထောင်တဲ့ အသံဖိုင်အပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါ တယ်။
အပိုင်း(၂) မေးခွန်း ၁၅ ခု
မေးခွန်းတစ်ခုချင်းစီရဲ့ အသံဖိုင်များကို (၁) ခေါက်ဖွင့်ပြမှာဖြစ်ပါတယ်။ မေးခွန်း တစ်ခုစီမှာ လူ (၂) ယောက်ပြောကြတဲ့ ဒိုင်ယာလော့ဂ်တစ်ခုပါဝင်မှာဖြစ်ပါတယ်။ တတိယလူဟာ ဒီဒိုင်ယာလော့ဂ်နဲ့ ပတ်သက်ပြီး မေးခွန်းမေးမှာ ဖြစ်ပါတယ်။ မေးခွန်းလွှာပေါ်မှာ ဖြစ်နိုင်တဲ့ အဖြေ(၄)ခု ရှိမှာ ဖြစ်ပြီး စာမေးပွဲ ဖြေသူတွေဟာ ကိုယ်ကြားတဲ့ အသံဖိုင် အပေါ်မူတည်ပြီး အကောင်းဆုံးအဖြေကို ရွေးချယ်ရမှာဖြစ်ပါတယ်။
အပိုင်း(၃) မေးခွန်း ၂၀ ခု
မေးခွန်းတစ်ခုချင်းစီရဲ့အသံဖိုင်များကို(၁)ခေါက်ဖွင့်ပြမှာဖြစ်ပါတယ်။ဒီအပိုင်းမှာတော့စာကြောင်း ၄-၅ ကြောင်းပါတဲ့ ဒိုင်ယာလော့ဂ် သို့မဟုတ် မိုနိုလော့ဂ် တစ်ခု ပါဝင်မှာ ဖြစ်ပြီး မေးခွန်းလည်း ၁-၂ ခု ပါဝင်မှာဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ အဖြေ (၄) ခုပေးထားမှာဖြစ်ပြီး စာမေးပွဲဖြေသူတွေဟာ ဒီအဖြေတွေထဲက အကောင်းဆုံး အဖြေတစ်ခုကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
အဖြေမှန်ကို မိမိ အဖြေလွှာပေါ်တွင်ရေးရန် (5 mins)

 ii. Reading

(မေးခွန်း ၄၀ ခု / ၄၀ မိနစ် )

အပိုင်း(၁) မေးခွန်း ၁၀ ခု
မေးခွန်းတစ်ခုစီတိုင်းမှာ စာကြောင်း ၁ ကြောင်း သို့မဟုတ် (၂) ကြောင်း ပါပါလိမ့်မယ်။ ဒီ အထဲမှာ စာလုံး/ စာလုံးတွဲ တစ်ခုက ပျောက်နေပါမယ်။ စာမေးပွဲဖြေသူတွေဟာ ပေးထားတဲ့ စာလုံး/ စာလုံးတွဲတွေကို ရွေးချယ်ပြီး ကွက်လပ်ပေါက်ကို ဖြည့်ရမှာ ဖြစ်ပါတယ်။
အပိုင်း(၂) မေးခွန်း ၁၀ ခု
မေးခွန်း တစ်ခုစီမှာ စာကြောင်း (၃) ကြောင်း ပါဝင်မှာဖြစ်ပြီး စာမေးပွဲဖြေသူဟာ ဒီစာကြောင်း တွေကို မှန်ကန်တဲ့ အစီအစဉ်အတိုင်း ပြန်လည် စီစဉ်ပေးရမှာ ဖြစ်ပါတယ်။
အပိုင်း(၃) မေးခွန်း ၂၀ ခု
မေးခွန်းတစ်ခုစီမှာ စာပိုဒ်တိုတစ်ခုစီ နဲ့ ဒီစာပိုဒ်နဲ့ ပတ်သက်ပြီး မေးထားတဲ့ မေးခွန်း ၁ ခု သို့မဟုတ် ၂ ခု ရှိပါမယ်။ စာမေးပွဲဖြေသူဟာ ပေးထားတဲ့ အဖြေ(၄) ခုထဲက အကောင်းဆုံး အဖြေ တစ်ခုကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

 iii. Writing

(မေးခွန်း ၁၅ ခု / ၂၅ မိနစ်)

အပိုင်း (၁) မေးခွန်း ၁၀ ခု
မေးခွန်း တစ်ခုစီမှာ စာလုံး တော်တော်များများ ပေးထားပါတယ်။ စာမေးပွဲ ဖြေသူတွေဟာ ဒီ စာလုံး တွေကို အသုံးပြုပြီး စာကြောင်း တစ်ခု တည်ဆောက်ရမှာ ဖြစ်ပါတယ်။
အပိုင်း (၂) မေးခွန်း ၅ ခု
မေးခွန်းတစ်ခုစီမှာ ပုံတစ်ခုနဲ့ စာလုံး တစ်လုံး ပါဝင်မှာဖြစ်ပါတယ်။ စာမေးပွဲဖြေသူတွေဟာ ဒီပုံနဲ့ စာကို ကြည့်ပြီး စာကြောင်း တစ်ခုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။

စုစုပေါင်း
(၁၀၀ မိနစ်)

/ စုစုပေါင်း မေးခွန်း ၁၀၀ ခု

စုစုပေါင်းကြာချိန်သည် ၁၀၅ မိနစ် ဖြစ်ပြီး မိနစ် ၁၀၀ သည် ဖြေဆိုချိန် ဖြစ်ကာကျန် ၅ မိနစ် မှာ စာမေးပွဲ ဖြေသူများမှာ မိမိ ၏ ကိုယ် ရေး အချက် အလက်များကို ဖြည့်သွင်းရန် ပေးထားခြင်းဖြစ်ပါတယ်။

HSK 4 အဖြေ Certificate ပုံစံ

အမှတ်ပြည့်
Listening 100
Reading 100
Writing 100
Total 300

HSK Level 4 အတွက် ဆိုရင် အမှတ်တွေက listening, reading, writing နဲ့ total စုစုပေါင်း ဆိုပြီး ဇယား ၄ ကွက်နဲ့ လာပါမယ်။ တစ်ပိုင်း စီကို အမှတ်၁၀၀ ပေးပါတယ်။ HSK 4 မှာ HSK 3 လိုဘဲ writing ကဏ္ဍတစ်ခု အပို ပါလာပါတယ်။ စာမေးပွဲ ဖြေသူဟာ အနည်းဆုံး စုစုပေါင်း အမှတ်ရဲ့ ၆၀ % ရမှာသာ အောင်မြင်မှာဖြစ်ပါတယ်။

တရုတ်တက္ကသိုလ်များသို့ HSK အမှတ်ဖြင့် လျှောက်ထားလိုသူများကတော့ HSK Certificate ဟာ စဖြေတဲ့ စာမေးပွဲ နေ့ကနေစပြီး (၂) နှစ်သာ သက်တမ်း ရှိပါတယ်။ နှစ်ကျော်သွားရင် ပြန်ဖြေရမှာ ဖြစ်ပါတယ်။

HSK ဆိုတာဘာလဲ?

HSK ဆိုတာ တရုတ် ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ တစ်ခု ဖြစ်ပါတယ်။ မိမိရဲ့ တရုတ်စာ level ဘယ်လောက်ရောက်နေပြီလဲ ဆိုတာကို သိနိုင်တဲ့ ကမ္ဘာ့ အသိအမှတ်ပြု စာမေးပွဲ ဖြစ်ပါတယ်။

Test Levels

HSK Level မှတ်သားရမည့် စာလုံးအရေအတွက် တရုတ်စာ၏အဆင့် သတ်မှတ်ချက် ဥရောပနိုင်ငံများ၏ ဘာသာစကား အဆင့်စံနှုန်း(CEFR)
Level 150 Level I A1
Level 2 300 Level II A2
Level 3 600 Level III B1
Level 4 1200 Level IV B2
Level 5 2500 Level V C1
Level 6 5000+ Level VI C2

HSK Level 1

HSK 1 အဆင့်ရှိသူသည် အလွန် ရိုးရှင်းသော အခြေခံကျသော တရုတ်စာ စာလုံးများနှင့် စကားတွဲ များကို သိရှိနိုင်ပြီး အခြေခံ ပြောဆို ဆက်သွယ်မှုများကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ HSK 2 ဆက်လက် တက်ရောက် နိုင်ရန်အတွက် အလွန်အခြေခံကျသော အဆင့်ဖြစ်ပါသည်။ တရုတ် စာလုံး ၁၅၀ ကို ပိုင်နိုင်ကျွမ်းကျင် ထားရပါမည်။

HSK Level 2

HSK 2 အဆင့်ရှိသူသည် တရုတ်စာ၏ HSK 1 အခြေခံထက် သာလွန်သော ပြောဆိုဆက်သွယ် မှုများကို အနည်းငယ် အဆင့်မြင့်စွာ ပြောဆိုနိုင်မည်ဖြစ်ကာ စာလုံးအရေအတွက်လည်း ပိုမို အသုံးပြုနိုင်၍ နေ့စဉ်သုံးစကားများ၊ ပုံမှန်စကားပြောများကို လိမ့်ပတ်လည်အောင် ပြောဆို ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။ စာလုံးရေ စုစုပေါင်း ၃၀၀ ကို ပိုင်နိုင် ကျွမ်းကျင်ထားရပါမည်။

HSK Level 3

HSK 3 အဆင့်ရှိသူသည် ပညာရေး ဆိုင်ရာ၊ နေ့စဉ်လူမှု ဘဝ ဆိုင်ရာ၊ အလုပ်နှင့်ပတ်သက်သော အကြောင်းအရာများကို အခက်အခဲနည်းနည်းဖြင့် လိုတိုရှင်းဆက်သွယ်ပြောဆိုနိုင်မည် ဖြစ်ပြီး တရုတ်ပြည်နှင့် တရုတ်စကားပြော နိုင်ငံများကိုပင် သွားရောက်လည်ပတ်ကာ အခြေခံလမ်းမေး၊ ဟင်းမှာ၊ ပုံမှန် အကြောင်းအရာများကို လွယ်ကူသော သဒ္ဒါ တည်ဆောက်ပုံဖြင့် ပြောဆို ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။ တရုတ်စာလုံးရေ ၆၀၀ လောက်ကို ပိုင်နိုင်ကျွမ်းကျင် ထားရပါမည်။

HSK Level 4

HSK 4 အဆင့်ရှိသူသည် HSK 3 ထက် ပိုမိုကျယ်ပြန့်သော ပညာရပ် အကြောင်းအရာများ၊ နေ့စဉ် အကြောင်းအရာများထက် ကျော်လွန်သော အကြောင်းအရာများကို တရုတ်လူမျိုးများနှင့် အခက်အခဲ မရှိပြောဆိုနိုင်မည် ဖြစ်ပါသည်။ တစ်ချို့ မသိသေးသောစာလုံးများ အကြောင်းအရာ များတော့ ရှိနေနိုင်သေးပါတယ်။ တရုတ်စာလုံးရေ ၁၂၀၀ လောက်ကို ပိုင်နိုင်ကျွမ်းကျင်ထား ရပါမည်။

HSK Level 5

HSK 5 အဆင့်ရှိသူသည် HSK 4 ထက် စာလုံးများ ကို ပိုမိုသိကျွမ်းသဖြင့် တရုတ်စာ၏ ခက်ခဲနက်နဲသော သတင်းစာများ၊ မဂ္ဂဇင်းများ၊ စာပေများကို ၉၀ ရာနှုန်းလောက် နားလည် နိုင်ခြင်း၊ တရုတ်ရုပ်ရှင်ကားများ၊ သီချင်းများ၊ ပြဇာတ်များကို စာတန်းမလိုဘဲ နားလည်ခြင်း၊ တရုတ်လူမျိုး တစ်ယောက်နီးပါး ရေးနိုင် ဖတ်နိုင်သည့် အဆင့်ကို ရောက်ရှိပြီ ဖြစ်ပါသည်။ ဒီအဆင့်ကို ရောက်ဖို့ စာလုံးရေ ၂၅၀၀ လောက် ပိုင်နိုင်ကျွမ်းကျင် ရမှာဖြစ်ပါသည်။

HSK Level 6

HSK 6 အဆင့်ရှိသူသည် တရုတ် လူမျိုးတစ်ယောက်ကဲ့သို့ မိမိ ဖော်ပြချင်သော အကြောင်းအရာ များကို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ အခက်အခဲ အတားအဆီး မရှိဘဲ ဖော်ပြနိုင်မှာ ဖြစ်တဲ့ အပြင် ကဗျာများ စာများကိုပင် ကိုယ်တိုင်ရေးသားနိုင်ကာ ပညာရပ်မျိုးစုံကို တရုတ်လိုပင် မှတ်သားနိုင်သည့် အဆင့်ကို ရောက်ရှိပြီ ဖြစ်ပါသည်။ စာလုံးရေ ၅၀၀၀ နှင့်အထက်ကို ပိုင်နိုင် ကျွမ်းကျင်ရမည် ဖြစ်ပါသည်။

Follow Us        

tech_area

ယနေ့ လျင်မြန်စွာ တိုးတက်နေတဲ့ မျက်မှောက်ခေတ်ရဲ့ ခေတ်ရေစီးကြောင်း လိုအပ်ချက်ကို အမှီလိုက်နိုင်ဖို့ BPro နဲ့အတူ ဘာသာစကားများ သင်ယူကြပါစို့။

Warmly Welcome, Our organization is always there for you. Grow with BPro

ADDRESS

      No.1B, YadanarPone 3rd Street and Nawaratt Street Corner, No.10 North Ward, Tarkayta Township, Yangon.

     09 699 423 453, 09 788 088 078

     [email protected]

     095192294

CONTACT US

Our support available to help you 24 hours a day, seven days a week.

Monday-Friday:

8 Am to 10 Pm

Saturday:

9 Am to 10 Pm

Sunday:

9 Am to 10 Pm

Copyright © 2023 BPro Language School. All rights reserved & Powered by Tech Area.